ဖင်လန်က နေတိုးတွင် ပါဝင်ရန် ထောက်ခံ၊ သက်ဆိုင်ရာ အစီအစဉ်တွေ စတင်ပြုလုပ်မည်ဟု တူရကီ သမ္မတ ဆို

(GMT+08:00)2023-03-19 09:43:54  

 တူရကီ သမ္မတ အယ်ရ်ဒိုအန်က ဖင်လန်၏ နေတိုးအဖွဲ့တွင် ပါဝင်ရေး နယ်ပယ်၌ အပြုသဘောဆောင်သော တိုးတက်မှု ရရှိပြီ ဖြစ်ပြီး တူရကီသည် သက်ဆိုင်ရာ အစီအစဉ်များကို စတင် တွန်းအားပေးရန် ဆုံးဖြတ်ကြောင်း  ဒေသစံတော်ချိန် မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

   ၂၀၂၂ ခုနှစ် ဇွန်လတွင် တူရကီ၊ ဆွီဒင်နှင့် ဖင်လန်တို့သည် အမှာစာတမ်းကို ချုပ်ဆိုပြီး ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့တွင် ပါဝင်ရန် တူရကီက ထောက်ခံကြောင်းနှင့် ဆွီဒင်နှင့် ဖင်လန်တို့ ကုဒ်အလုပ်သမားပါတီ၊ ဆီးရီးယား ကုဒ်လက်နက်ကိုင်အဖွဲ့ “ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့” နှင့် “ချူလင် လှုပ်ရှားမှု” တို့ကို မထောက်ခံတော့ကြောင်းကို အတည်ပြုခဲ့ပါသည်။

   အယ်ရ်ဒိုအန်က သုံးပွင့်ဆိုင် အမှာစာတမ်းပါ ကတိပြုချက်ကို ဖေါ်ဆောင်ရာတွင် ဖင်လန်က စစ်မှန် တိကျသော ဆောင်ရွက်မှုများ ပြုလုပ်ခြင်းကို မိမိတို့ တွေ့မြင်ပါကြောင်း ပြောကြားခဲ့ပါသည်။