တစ်ရက်အတွင်းသာ မြောက်ကိုရီးယားတွင် လူပေါင်း ၈သိန်းကျော် စစ်တပ်ဝင်ရန် စာရင်း ပေးသွင်း

(GMT+08:00)2023-03-19 10:49:15  

မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီမှ မတ်လ ၁၈ရက်နေ့က ထုတ်ပြန်သည့် သတင်းအရ မြောက်ကိုရီးယားနိုင်ငံ တစ်ပြည်လုံး ဒေသအသီးသီးမှ စစ်တပ်ဝင်ရန် သို့မဟုတ် စစ်တပ်သို့ ပြန်လည်ဝင်ရန် စရင်း ပေးသွင်းသူဦးရေသည် ဆက်တိုက် တိုးများလာကြောင်း၊ သက်ဆိုင်ရာ စာရင်းအရ မတ်လ ၁၇ရက်နေ့ တစ်ရက်တည်းသာ တစ်ပြည်လုံးတွင် လူပေါင်း ၈သိန်းကျော်က စစ်တပ်ဝင်ရန်သို့မဟုတ် စစ်တပ်သို့ ပြန်လည်ဝင်ရန် စာရင်း ပေးသွင်းခဲ့ကြောင်း သိရပါသည်။