၂၀၂၃ခုနှစ် တရုတ်စိုက်ပျိုးရေး စက်ကိရိယာများပြပွဲကို ဟိုနန်ပြည်နယ်တွင်ဖွင့်လှစ်

(GMT+08:00)2023-03-19 12:53:17  

မတ်လ ၁၈ရက်နေ့က ၂၀၂၃ခုနှစ် စိုက်ပျိုးရေး စက်ကိရိယာများ ပြပွဲကို တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် ကြုမာတျန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ဤပြပွဲတွင် စွမ်းအင်သစ်သုံး မောင်းသူမဲ့ ထော်လာဂျီယာဉ်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဆွတ်ခူးစက်များနှင့် မောင်းသူမဲ့ အပင်ကာကွယ်ရေးစက်များ စသော စမတ်စိုက်ပျိုးရေးစက်ကိရိယာမျိုးစုံကို ပြသထားသည်။