ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးတွင် ရှင်းကျန်းမှလာသောကိုယ်စားလှယ်သည် အကြမ်းဖက်မှု အန္တရာယ်များကို ရှင်းလင်းပြောကြား

(GMT+08:00)2023-03-19 09:49:18  

ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ ဝါရေစကျန် မိုင်မယ်တီက ယခုလ ၁၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားပြီး အကြမ်းဖက်မှု အန္တရာယ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဝါရေစကျန် မိုင်မယ်တီသည် ရှင်းကျန်း အက္ကဆူယတ်ရှ် ခရိုင် အောက်တ်ပေ့ရှ်ရွာ ရဲဌာနတွင် ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်များက မိမိသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် အကြိမ်များစွာပါဝင်ခဲ့ပြီး အကြမ်းဖက်မှုကြောင့် အပြစ်မဲ့သူ အမြောက်အမြား သေကျေ ဒဏ်ရာရရှိမှုနှင့် ဓနဥစ္စာဆုံးရှုံးမှုများ ဖြစ်စေပြီး လူမှုတည်ငြိမ်မှုကို များစွာထိခိုင်ခဲ့ခြင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ရှင်းကျန်းတွင် တရားဥပဒေနှင့်အညီ အကြမ်းဖက်မှု တိုက်ဖျက်ပြီး ပြစ်မှု ကျူးလွန်သော အကြမ်းဖက်သမားများကို နှိမ်နင်းတိုက်ဖျက်ခြင်းသည် ပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ၊ လူမှု တည်ငြိမ်ရေး၊ လူ့အခွင့်အရေး ကာကွယ်ပေးသော တရားမျှတသော ဆောင်ရွက်မှုပင်ဖြစ်ကြောင်း ဝါရေစကျန် မိုင်မယ်တီက ပြောကြားသည်။