Luzhou Tuojiangတံတားကြီး၏ပင်မတံတားကို ချိတ်ဆက် တည်ဆောက် ပြီးစီး

(GMT+08:00)2023-03-19 10:50:21  

ချုံချင့်- ကူမင်း အမြန်ရထားလမ်းပေါ်ရှိLuzhou Tuojiang စူပါတံတားကြီး၏ပင်မတံတားကို မတ်လ ၁၈ ရက်နေ့တွင် ချောမောစွာ ချိတ်ဆက် တည်ဆောက်ပြီးစီးခဲ့ပါသည်။ စီချွမ်းပြည်နယ် Luzhou Tuojiang စူပါတံတားကြီးသည် ချုံချင့်-ကူမင်း အမြန်ရထားလမ်း၏ စီချွမ်း- ချုံချင့် အပိုင်းတွင် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပါသည်။ ယင်းတံတားကြီးသည် အရှည် ၂၆၁၃.၃ မီတာရှိပြီး အကျယ် ၁၃ မီတာရှိကာ ဒီဇိုင်းအမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်ပါသည်။