တစ်နေ့လျှင် မတ်ဆူတာကီမှို ၂ တန်ခန့် ပို့ဆောင်ပေးနေသည့် ဒရုန်းအစင်း ၉၀

(GMT+08:00)2023-03-18 17:36:39  

စီချွမ်းပြည်နယ် ကန်းဇိဒေသရှိ  ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၀ မီတာ မြင့် သည့် တောင်တန်းသစ်တောတွင် မှိုစိုက်ပျိုးသူများသည် ခူးဆွတ်ထားသော မတ်ဆူတာကီမှိုကို ထုပ်ပိုးကာ  ဒရုန်းဆီသို့ ပို့ပေးခဲ့ပြီး  ၊ ယင်းဒရုန်းတို့ဟာ ၁၂ မိနစ် အကြာ တွင် မတ်ဆူတာကီ မှို ကို တောင်ခြေရှိ ကုန်သွယ်ရေးစခန်းသို့  မှန်ကန် တိကျစွာ ပို့ ဆောင် ပေးခဲ့ကြသည်။ ဟင်းသီးဟင်းရွက်များ ပို့ဆောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်  ယင်းဒေသတွင် ဒရုန်းအစင်း ၉၀ ရှိပြီး ၎င်းတို့သည် တစ်နေ့လျှင် မတ်ဆူ တာကီမှိုတန်ချိန် စုစုပေါင်း ၂ တန် နီးပါးအထိ ပို့ဆောင်ပေးနိုင်သည်ဟု China Media Groupမှ သတင်း အရ သိရပါသည်။