ကွမ်ရှီး ဘေဟိုင်မြို့လမ်းဆုံတစ်ခုတွင် ကားနှင့် လျှပ်စစ်စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွား

(GMT+08:00)2023-03-18 17:34:43  

မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဘေဟိုင်မြို့ လမ်းဆုံတစ်ခုတွင် မော်တော်ကားတစ်စီးနှင့် လျှပ်စစ် စက်ဘီးတစ်စီး တိုက်မိခဲ့ပြီး လျှပ်စစ် စက်ဘီးပေါ်မှ အမျိုးသားသည် ကားအောက်သို့ ရောက်ရှိသွားကာ စိုးရိမ်ရသည့်အနေအထားတွင် လမ်းသွားလမ်းလာလူ ၂၀ ကျော်တို့က ကားကို မ ပြီး လူကို ကယ်တင်ခဲ့သည်။ အခင်းဖြစ်ပွားသည့် လမ်းဆုံက စောင့်ကြည့်ကင်မရာသည် ယင်း နှလုံးသားနွေးထွေးစေသည့် မြင်ကွင်းကို မှတ်တမ်း တင်ခဲ့သည်။ ဒဏ်ရာရရှိသူအား ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကုသပေးခဲ့ပြီး အသက်အန္တရာယ် မရှိတော့ကြောင်း သိရှိရပါသည်။