ရှီကျင့်ဖိန်၏ ရုရှားခရီးစဉ်သည် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ခရီးစဉ် ဖြစ်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-03-18 17:30:18  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှား သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရုရှားနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ၁၇ ရက်နေ့ ညနေပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ် အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဝမ်ဝင်ပင်က ယခုအကြိမ် ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ပူတင်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက်စလုံး အလေးထားကြသော အရေးကြီး နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်မည် ဖြစ်၍ နှစ်နိုင်ငံ အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးမည် ဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးအတွက် တွန်းအားသစ် ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ခရီးစဉ် ဖြစ်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ရေရှည် တည်ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအား စဉ်ဆက်မပြတ် အကျိုးပြုသွားမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်ကြဉ်းပေးမည့် အပြင် ကမ္ဘာကြီးအတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။