ပါကစ္စတန် သမ္မတ အာလ်ဗီသည် China Media Group မှ အင်တာဗျူး ဖြေကြား

(GMT+08:00)2023-03-18 17:35:43  

မကြာမီက ပါကစ္စတန် သမ္မတ အာလ်ဗီသည် China Media Group မှ အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့ပါသည်။ သူသည် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ သမ္မတ အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ခံရခြင်းကို ဂုဏ်ပြု ထောမနာ ပြုပါကြောင်း၊ မျက်မှောက် ကမ္ဘာကြီးသည် ပြင်းပြင်းထန်ထန် ပြောင်းလဲနေဆဲ ဖြစ်သဖြင့် လူအများသည် နိုင်ငံတစ်ဝှမ်းဆိုင်ရာ အတွေးအခေါ်ကို ကိုင်ဆောင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သမ္မတ အာလ်ဗီက Belt and Road တည်ဆောက်မှုကို တန်ဖိုးထား ချီးကျူးခဲ့ပါသည်။ တရုတ်နှင့် ပါကစ္စတန် ဆက်ဆံမှုနှင့် ပတ်သက်ပြီး သူက တရုတ်နှင့် ပါကစ္စတန် အကြား သံမဏိလို အမာခံ ချစ်ကြည်ရေးသည် တောင်ထက်မြင့်ပြီး ပင်လယ်ထက် နက်ပါကြောင်း ဥပမာတင်၍ ဖော် ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။