ကမ္ဘောဒီးယား နိုင်ငံ ပြန်လည်ရရှိသော ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို ပြသ၊ ပိုမိုများပြားသော နိုင်ငံတော် ရတနာများကို ပြန်လည် ရရှိနိုင်ရန် ဟွန်ဆန် မျှော်လင့်

(GMT+08:00)2023-03-18 17:32:25  

    

    မကြာမီက အန်ကော်မင်းဆက်ခေတ်က ရှေးဟောင်းပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ရရှိပြီး ယခုလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယင်းရှေးဟောင်းပစ္စည်းများအတွက် ပြပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ရာ ပိုမိုများပြားသော နိုင်ငံ တကာ အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ရတနာများကို ပြန်လည် ပေးအပ် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

     အန်ကော်မင်းဆက်ခေတ်က ရှေးဟောင်းပစ္စည်း၇၇ ခုကို  ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံအား ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ၄င်းတို့အနက် သရဖူ၊ လည်ဆွဲ၊ အဆောင်လက်ဖွဲ့ စသည့် သတ္တုထုတ် ရှေးဟောင်းပစ္စည်းများ ပါဝင်ကြောင်း၊ ယင်း ရှေးဟောင်းပစ္စည်းများကို ကွယ်လွန်သွားသော ဗြိတိန် အနုပညာကုန်သည် Douglas Latchford ၏ မိသားစုက ပေးအပ်ခဲ့ပြီး ကမ္ဘောဒီးယား အမျိုးသားပြတိုက်၌ ပြသမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့် အနုပညာဌာနက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်  အတည်ပြုခဲ့သည်။