ပင်လယ်အောက် အနက် ၈၅၀ မှ ၉၀၀ မီတာခန့်တွင် ပျက်ကျခဲ့သည့် အမေရိကန် စစ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်ကို တွေ့ရှိ

(GMT+08:00)2023-03-18 17:40:57  

ရေအောက်စက်ရုပ်တစ်ခုသည် ပင်လယ်ကြမ်းပြင်သို့ ဆင်းသွားခဲ့ပြီး အနက် ၈၅၀ မှ ၉၀၀ မီတာခန့်တွင် ပျက်ကျခဲ့သည့် အမေရိကန် စစ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်ကို တွေ့ရှိခဲ့ကာ  ယင်းနေရာနှင့် အနီးတစ်ဝိုက်တွင် "South Stream" သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ ပင်လယ်နက် လိုင်းခွဲရှိကြောင်း ရုရှား Rossiya Segodnya သတင်းအေဂျင်စီက မတ်လ ၁၆ ရက်နေ့တွင် Sevastopol ဒေသခံမီဒီယာများမှ ထုတ်ပြန်သည့် သတင်းကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

မတ်လ ၁၆ရက်နေ့တွင် အမေရိကန် ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Ryder က ယင်းမောင်းသူမဲ့လေယာဉ်၏ အပျက်အစီးကို ဆယ်ယူရလျှင်လည်း ရုရှားဘက်က အဖိုးတန် အချက် အလက်များ ရနိုင်ခြေသိပ်နည်းပါးကြောင်း ပြောကြားခဲ့ပါသည်။