တွင်းအမှတ် ၁ တွင် တတိယမြောက် တူးဖော်မှုမှ စဥ့်ဖြင့်ပြုလုပ်ထားသော စစ်သည်များနှင့် မြင်းများ ရှာဖွေတွေ့ရှိသည့် နောက်ဆုံးရလဒ်များကို ကြေညာ

(GMT+08:00)2023-03-17 12:47:34  

လွန်ခဲ့သည့် ရက်အနည်းငယ်က တွင်းအမှတ် ၁ ၏ တတိယမြောက် တူးဖော်မှုမှ စဥ့်ဖြင့်ပြုလုပ်ထားသောစစ်သည်များနှင့် မြင်းများ ရှာဖွေတွေ့ရှိခဲ့သည့် အောင်မြင်မှုများကို ရှေးဟောင်းသုတေသနမှ ကြေညာခဲ့ပါသည်။ ယခုတစ်ကြိမ် တူးဖော်မှုတွင် စဥ့်ရုပ်ပေါင်း ၂၂၀ ကျော်၊ မြေထည်မြင်းရုပ် ၁၆ ခု၊ စစ်ရထား ၄ စင်း၊ ဗုံ ၂ လုံး၊ ဒရမ်လက်ကိုင် ၁ ချောင်း၊ ယွန်းဒိုင်း ၁ ခု၊ လှောင်အိမ် ၃ လုံး၊ ရထားနှင့် လက်နက်များ၊ ထုတ်လုပ်ရေးကိရိယာများ စသည့် ရှေးဟာင်းပစ္စည်းများ စုစုပေါင်းတစ်ထောင်ကျော်  တွေ့ရှိခဲ့ပါသည်။