အမေရိကန် ရထားတစ်စီး လမ်းချော်မှုကြောင့် ဒီဇယ်ဆီ ဂါလန် ၅၀၀၀ ယိုစိမ့်

(GMT+08:00)2023-03-17 13:10:01  

     ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံမှ ကုန်တင်ရထားတစ်စီးသည် ဝါရှင်တန်ပြည်နယ် Skagit ခရိုင်တွင် လမ်းချော်သွားပြီး ဒီဇယ်ဆီ ဂါလန် ၅၀၀၀ ခန့်  Anacortes မြို့ Swinomish ထိန်းသိမ်းရေးဇုံတွင် ယိုစိမ့်ခဲ့ပါသည်။ BNSF ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ရထား လမ်းချော်မှုအကြောင်းကို ထိုနေ့တွင် အီးမေးလ်ဖြင့် အတည်ပြုခဲ့သည်ဟု သတင်းအရသိရပါသည်။