ကွမ်ကျိုးမြို့မှာ ခရီးသည်များ ပင်ဂွင်းငှက်တွေကို နီးကပ်စွာ တွေ့မြင်နိုင်

(GMT+08:00)2023-03-17 12:47:06  

မတ်လ ၁၆ရက်နေ့က ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ကျိန့်ကျား  ရေခဲနှင့် ဆီးနှင်းကမ္ဘာမှာ ပင်ဂွင်းငှက်တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ပင်ဂွင်းငှက်တွေက နေ့စဉ် ညနေ ၃နာရီခွဲမှာ ဥယျာဉ်ထဲရှိ “တောင်ဝင်ရိုးစွန်း စွန့်စားမှုကြီး” ပြကွက်မှာ ခရီးသည်များနဲ့ တွေ့ဆုံလေ့ရှိပါတယ်။ ခရီးသည်များဟာ ပင်ဂွင်းငှက်တွေကို အနီးကပ်တွေ့မြင်ရမှာဖြစ်သလို ပျော်ရွှင်စွာထိတွေ့ပြီးလည်း ကစားနိုင်ပါတယ်လို့ ဥယျာဉ်ဘက်မှ မိတ်ဆက်ခဲ့ပါတယ်။