ဟိုပေ Xingtang ရှေးဟောင်းသုတေသနလေ့လာခြင်းလုပ်ငန်း ခြေလှမ်းမှန်မှန်ဖြင့် ဆောင်ရွက်နေ

(GMT+08:00)2023-03-17 13:04:00  

မတ်လ ၁၆ရက်နေ့က တရုတ်နိုင်ငံ ဟိုပေပြည်နယ် Xingtang ခရိုင် Gujun ရှေးဟောင်းအဆောက်အအုံအကြွင်းအကျန် သုတေသနလေ့လာခြင်း စမ်းသပ်ခန်းတွင် အမှုထမ်းများသည် လိုဏ်ခေါင်းအမှတ်၂မှ လှည်းအမှတ်၃ကို သုတေသနပြုလုပ်နေကြပါသည်။

Gujun ရှေးဟောင်းအဆောက်အအုံအကြွင်းအကျန်သည် တရုတ်နိုင်ငံ ဟိုပေပြည်နယ် Shijiangzhuang မြို့ Xingtang ခရိုင် Gujun ရွာတွင် တည်ရှိ ပါသည်။ ၂၀၁၅ခုနှစ်မှစ၍ ဟိုပေပြည်နယ် ရှေးဟောင်းသုတေသနဌာန၊ တရုတ်လူမှုသိပ္ပံပညာတံခွန်အသင်း ရှေးဟောင်းသုတေသနဌာန၊ Shijiangzhuang မြို့နှင့် Xingtang ခရိုင် ရှေးဟောင်းယဉ်ကျေးမှုသုတေသနဌာနတို့သည် ၄င်းရှေးဟောင်းပစ္စည်းများ သုတေသနပြုလေ့လာခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ စတုရန်းမီတာ ၁၄၀၀၀ကျော်ကို တူးဖော်ခဲ့ပြီး ဖြစ်ပါသည်။