ဂျုံမှုန့်ဖြင့် ပြုလုပ်သော အစားအစာ ပြုလုပ်ခြင်း ပြိုင်ပွဲ ရှန်းတုန်းတွင် ကျင်းပ

(GMT+08:00)2023-03-17 13:07:54  

ယခုလ ၁၆ရက်နေ့က စတုတ္ထအကြိမ် ရှန်းတုန်းပြည်နယ် စားနပ်ရိက္ခာနှင့် စားသုံးဆီ လုပ်ငန်း ကုန်စည်ပြပွဲသည် ထိုက်အန်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းကုန်စည်ပြပွဲတွင် ဂျုံမှုန့်ဖြင့် ပြုလုပ်သော အစားအစာ ပြုလုပ်ခြင်း ပြိုင်ပွဲကို ကျင်းပပါသည်။ နောက်ဆုံးဗိုလ်လုပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော အစားအစာ ၁၆ခုရှိပါသည်။

ယင်းပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ တရုတ် ဂျုံ့မှုန့်ဖြင့် ပြုလုပ်သော အစားအစာ ယဉ်ကျေးမှုကို ပြန့်ပွားစေရန်၊ ဂျုံ့မှုန့်ဖြင့် ပြုလုပ်သော အစားအစာကောင်းများ ပြုလုပ်နိုင်သူများကို ရှာဖွေရန်၊ ၄င်းတို့ အကြား ကူးလူးဖလှယ်ရေးနှင့် ပြသရေး ပလက်ဖောင်း တစ်ခု ဖန်တီးပေးရန် ဖြစ်ပါသည်။