တရုတ်နိုင်ငံတကာ ကျောက်မြတ်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(GMT+08:00)2023-03-17 13:05:49  

မတ်လ ၁၆ရက်နေ့က တရုတ်နိုင်ငံတကာ ကျောက်မြတ်ရတနာပြပွဲကို ပေကျင်း တရုတ်နိုင်ငံတကာပြခန်းစင်တာတွင် ဖွင့်လှစ်ကျင်းပခဲ့ပါသည်။ ယင်းပြပွဲမှာ စတုရန်းမီတာ ၃၀၀၀၀အထိ ကျယ်ဝန်းပြီး ကျောက်မြတ်ရတနာထုတ်လုပ်ရေးကုမ္ပဏီ၊ လက်လီလက်ကားကုမ္ပဏီနှင့် ရောင်းချရေးကုမ္ပဏီ စသည့် ကုမ္ပဏီပေါင်း ၁၀၀၀ကျော် ပါဝင် ပြသခဲ့ကြပါသည်။