အီရတ် ပြတိုက် သို့ ဝင်ရောက်လေ့လာ

(GMT+08:00)2023-03-17 13:08:15  

အီရတ် ပြတိုက်သည် ၁၉၂၀ပြည့်နှစ်က စတင် တည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော Mesopotamia ယဉ်ကျေးမှု ဆိုင်ရာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို စုဆောင်းသိမ်းဆည်းထားသော ပြတိုက် ဖြစ်ပါသည်။ ပြတိုက်တွင် Sumer ၊ Assyriaနှင့် Babylonစသည့် သမိုင်း အချိန်ကာလများက အဖိုးတန် ရတနာများကို စုဆောင်းသိမ်းဆည်းထားပါသည်။ ၂၀၀၃ခုနှစ် အီရတ် စစ်ပွဲ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် ၄င်းပြတိုက်သည် လုယက်မှုနှင့် ဖျက်ဆီးမှု ခံခဲ့ရပြီး ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများစွာ ပျောက်ဆုံးသွားခဲ့ပါသည်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလက အီရတ် ပြတိုက်ကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။