ဆိုယန်မြို့ အကြွင်းအကျန်များသို့ သွားရောက်ကြည့်ရှု

(GMT+08:00)2023-03-17 13:09:40  

   ဆိုယန်မြို့အကြွင်းအကျန်များသည် ကန်စုပြည်နယ် ကွာကျိုခရိုင်တွင် တည်ရှိပြီး၊ ရှေးဟောင်းအပျက်အစီး၊ ရှေးဟောင်းမြစ်ကြောင်း၊ ရှေးဟောင်းဘုရားကျောင်းနှင့် ရှေးဟောင်းသင်္ချိုင်း စသည်တို့ကို ပေါင်းစပ်ထားသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုဖြစ်ပါသည်။ သမိုင်းကြောင်းအရ ၎င်းသည် ပိုးလမ်းမကြီး အ၀င်ဂိတ်ကို စောင့်ကြပ်ထားသော ခံတပ်စခန်းတစ်ခုဖြစ်ခဲ့ရုံသာမက၊ တရုတ်နိုင်ငံတွင် ဟန့်၊ ထန် နှင့် ရှီးရှာ့ မင်းဆက်ခေတ်များမှ အကောင်းဆုံးထိန်းသိမ်းထားခဲ့သော ရှေးဟောင်းမြို့ တစ်ခုလည်း ဖြစ်ပါသည်။