ရှီးဇန့်(တိဘက်)လာဆာတွင် ရိုးရာနွေဦးထွန်ယက်ခြင်းအခမ်းအနားကို ကျင်းပ

(GMT+08:00)2023-03-17 13:04:18  

မတ်လ ၁၆ရက်နေ့က တရုတ်နိုင်ငံ ရှီးဇန့်(တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လာဆာ မြို့ရှိ ခရိုင်များတွင် နှစ်ပတ်လည် နွေဦးထွန်ယက်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြပါသည်။ နွေဦးထွန်ယက်ခြင်းမှာ ရှီးဇန့်(တိဘက်)လယ်သမားများအတွက် တစ်နှစ်ပတ်လုံးတွင် အခမ်းနားဆုံးသော လယ်ယာအလုပ်ဖြစ်ပါသည်။ လယ်သမားများသည် Qiema (သီးထွက်ကောင်းရန် အဓိပ္ပါယ်ရှိသည်) ကို ကိုင်ဆောင်ထားပြီး လယ်ကွင်းတွင် စုစည်းကာ ဆုတောင်းတေးသီချင်းများကို သီဆိုခဲ့ကြပါသည်။ ဂျုံကြမ်းအရက်ကို သောက်ပြီး မျိုးစေ့များ စတင်ကြဲချခဲ့ကြသလို တစ်နှစ်ပတ်လုံး သီးနှံအထွက် ကောင်းရန်လည်း  ဆုတောင်းကြပါသည်။