သဘာဝ "ပင်လယ်ပြာရောင်နှလုံးသား" ရှင်းကျန်း ကန်စဝပ်ထ် ရေကန်တွင် ပေါ်လာ

(GMT+08:00)2023-03-17 12:48:10  

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အပူချိန်မြင့်တက်လာသည်နှင့်အမျှ၊ တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ ကန်စဝပ်ထ် ရေကန်၏ ရေခဲများ တဖြည်းဖြည်း အရည်ပျော်သွားခဲ့ပါသည်။ ကန်ရေ ကြည်လင်နေသောကြောင့် ကန်မျက်နှာပြင်တစ်ခုလုံး တောက်ပသည့် နီလာအပြာရောင် ဖြစ်ပေါ်နေတာကိုတွေ့ရပါသည်။ အထူးသဖြင့် အံ့သြစရာကောင်းတာက ကန်ရဲ့မြောက်ဘက်ခြမ်းတွင် သဘာဝ "ပင်လယ်ပြာရောင်နှလုံးသား" ပုံစံ ဖြစ်တည်လာပြီး ရှားရှားပါးပါး  သဘာဝရဲ့ မှော်ဆန်မှုက လူတွေကို အံ့အားသင့်စေခဲ့ပါသည်။