ချင်းဟိုင်ပြည်နယ် ထျန်ကျွင့်ခရိုင်၌ တွေ့ရသော အဖိုးတန် တောရိုင်းတိရစ္ဆာန်များ

(GMT+08:00)2023-03-16 14:01:57  

နွေဦးရာသီအစတွင် ဒရယ်များ၊ ဇန့်(တိဘက်)တောရိုင်းမြည်းများ နှင့် ဇန့်(တိဘက်) မြေခွေးများ စသော တောရိုင်းတိရစ္ဆာန်များသည် ချီးလျန်းတောင် တရုတ်နိုင်ငံတော် ဥယျာဉ်၏ ချင်းဟိုင်ပြည်နယ် ထျန်ကျွင့်ခရိုင်မှာ တည်ရှိသောမြက်ခင်းပြင်ဒေသ၌ အစားအစာ များရှာဖွေစားသောက်ကြသလို စိတ်အေးလက်အေးအနားယူနေကြ တာကိုလည်းတွေ့ရပါသည်။ ချင်းဟိုင်ပြည်နယ် ထျန်ကျွင့်ခရိုင်၏နေရာအများစုသည် ချီးလျန်းတောင် တရုတ်နိုင်ငံတော် ဥယျာဉ်၏ ချင်းဟိုင်ရပ်ကွက်၌ တည်ရှိပါသည်။ ယခုနှစ်များအတွင်း ယင်းခရိုင်ထဲတွင် ဂေဟစနစ် ပတ်ဝန်းကျင် အထွေထွေစီမံအုပ်ချုပ်မှု ဆောင်ရွက်လာခဲ့သောကြောင့် ဂေဟစနစ် ပတ်ဝန်းကျင်သည် ဆက်တိုက် တိုးတက် ကောင်းမွန်စွာ ပြုပြင်ပြောင်းလဲလာပြီး အဖိုးတန်သော တောရိုင်းတိရစ္ဆာန် အမျိုးအစားများလည်း အဆက်မပြတ် တိုးများလာပါသည်။