အဆိပ်ရှိသော ရေညှိပွင့်များကြောင့် ဖလော်ရီဒါ ကမ်းခြေများတွင် ငါးများ ထောင်နှင့်ချီ သေဆုံး

(GMT+08:00)2023-03-16 13:58:55  

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သည် ယခုလောလောဆယ် ဖြစ်ပွားနေသော ဒီရေနီကြောင့် မတ်လ ၇ ရက်နေ့က Longboat ကျွန်းကမ်းခြေတွင် ငါးအကောင်ရေ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါသည်။ အဆိပ်ရှိသော ရေညှိပွင့်များကြောင့် ဖလော်ရီဒါ ပင်လယ်ကွေ့ကမ်းရိုးတန်းရှိ ရေနေသတ္တဝါများနှင့် ဒေသခံခရီးသွားလုပ်ငန်း ထိခိုက်လျက်ရှိပါသည်။