ကနေဒါရောက်နေသောပန်ဒါ“Er Shun”သည် ပန်ဒါအမွှာလေး၂ ကောင်မွေးခဲ့ပြီး“Yu Ke” နှင့် “Yu Ai” ဟု အမည်ပေးထားသည်

(GMT+08:00)2023-03-16 14:03:07  

အွန်လိုင်းမှာမဲပေးမှုကျင်းပပြီးနောက် ကနေဒါရောက်နေသော ပန်ဒါ“Er Shun”က မွေးခဲ့သည့် ပန်ဒါအမွှာလေးတို့၏ အမည်များကို အတည်ပြုခဲ့ကြောင်း၊ ပန်ဒါကိုကိုက"Yu ke" ဖြစ်ကာ ပန်ဒါညီမလေးက "Yu ai" ဟုခေါ်ပြီး ပန်ဒါအမွှာနှစ်ကောင် ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ၂၂ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အစ်ကိုပန်ဒါက မွေးစတွင် ၁၃၂ ဂရမ် အလေးချိန်ရှိပြီး ညီမပန်ဒါမှာ မွေးစတွင် ကိုယ်အလေးချိန် ၉၁ ဂရမ်ရှိပါသည်။တရုတ်ချုံချင့်တိရစ္ဆာန်ရုံရှိ မွေးမြူသူများ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုအောက်တွင် ရှင်သန်ကြီးထွားနေကြောင်း သိရပါသည်။