တရုတ်နိုင်ငံသည် Shiyan-19 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-03-16 14:02:28  

    မတ်လ ၁၅ရက်နေ့ ည ၇ နာရီ ၄၁ မိနစ်က တရုတ်နိုင်ငံသည် ကျူချွမ်းဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လောင်းမတ်ခ်ျ-၁၁ သယ်ဆောင်ရေးဒုံးပျံဖြင့် Shiyan-19 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားခဲ့သော ပတ်လမ်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကာ လွှတ်တင်ရေးတာဝန်ကို ပြည့်စုံအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ Shiyan-19 ဂြိုဟ်တုကို နယ်မြေတိုင်းတာစစ်ဆေးရေး၊ မြို့ပြ စီမံခန့်ခွဲရေး နှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျှော့ချရေးစသောနယ်ပယ်များ၌ အသုံးပြုပါသည်။ ယခုအကြိမ်တာဝန်သည် လောင်းမတ်ခ်ျ သယ်ဆောင်ရေးဒုံးပျံ၏ (၄၆၇)ကြိမ်မြောက် ပျံသန်းမှုဖြစ်ပါသည်။