တောင်ကိုရီးယား တာယာစက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

(GMT+08:00)2023-03-16 14:01:26  

မတ်လ ၁၂ရက်နေ့ ည ၁၀ နာရီ ၉ မိနစ်ခန့်တွင် တောင်ကိုရီးယားနိုင်ငံ Daejeon မြို့ရှိ Hankook တာယာစက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးငွေ့ ရှူရှိုက်မိသော စက်ရုံမှဝန်ထမ်း ၁၀ဦးနှင့် မီးသတ်သမား ၁ဦးကို ဆေးရုံတင်ထားရ ပါသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မီးနှင့်မီးခိုးများ ပျံ့နှံ့ခဲ့ပါသည်။ မီးလောင်နေ သော တာယာအနံ့သည် အနီးတစ်ဝိုက်ရပ်ကွက်သို့ ပျံ့နှံသွားခဲ့သဖြင့် အန္တရာယ်ရှိ သော ဓာတ်ငွေ့များ အခန်းထဲသို့ ဝင်ရောက်လာမည်ကို စိုးရိမ်နေသည့် ရပ်ကွက်နေထိုင်သူများသည် ထွက်ခွာလာခဲ့ကြပြီး အမြန်ရထားအချို့ကိုလည်း ယာယီလမ်းကြောင်းပြောင်းခဲ့ရတယ်လို့သိရပါသည်။