အမေရိကန်သည် ပင်လယ်နက်တွင် ပျက်ကျခဲ့သော ဒရုန်းကို ပြန်ဆယ်ယူနိုင်မည် မဟုတ်

(GMT+08:00)2023-03-16 14:00:23  

အမေရိကန် နိုင်ငံတော် လုံခြုံရေးကောင်စီ မဟာဗျူဟာမြောက် ဆက်သွယ်ညှိနှိုင်းရေးမှူး John Kirby က ယခုလ ၁၄ ရက်နေ့ ပင်လယ်နက်တွင် ပျက်ကျခဲ့သော အမေရိကန်ဒရုန်းကို ပြန်တွေ့နိုင်မည် မဟုတ်ကြောင်း၊ ဒီဖြစ်ရပ်ကြောင့် အခြေအနေ ဆိုးရွားသွားစေနိုင်သည်ကို စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် "Capitol Hill" ဝက်ဘ်ဆိုက်မှ ၁၅ ရက်နေ့က ဖော်ပြခဲ့ပါသည်။

ရုရှားအနေနှင့် ပင်လယ်နက်ထဲသို့ ကျသွားသည့် အမေရိကန်ဒရုန်း၏ အပျက်အစီးများ ကို ဆယ်ယူရန် စမ်းလုပ်သွားမည်ဖြစ်ကြောင်း ရုရှား ပြည်ထောင်စု လုံခြုံရေးကောင်စီ အတွင်းရေးမှူး Patrushev က ပြောကြားခဲ့သည်ဟု ရုရှား Sputnik သတင်းဌာနမှ ၁၅ ရက်နေ့ထုတ် သတင်းအရသိရပါသည်။