တူရကီနိုင်ငံတွင် ဖေဖော်ဝါရီလက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၄၈၀၀၀ ကျော် သေဆုံးခဲ့

(GMT+08:00)2023-03-16 13:59:41  

တူရကီနိုင်ငံပြည်ထဲရေးဝန်ကြီး ဆိုအီလူ က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နိုင်ငံတောင်ပိုင်း၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နိုင်ငံခြားသား ၆၆၆၀ အပါအဝင် အနည်းဆုံး လူ ၄၈၄၄၈ ဦး သေဆုံးခဲ့ကြောင်း မကြာခင်က ပြောကြားခဲ့ပါသည်။

တူရကီဒေသခံမီဒီယာများ၏ဖော်ပြချက်အရ ဆိုအီလူ သည် ထိုနေ့က တောင်ပိုင်း ဟာတာအီ တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ဘေးသင့်ဒေသရှိ အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ယခုအချိန်အထိ ဘေးသင့်ဒေသတွင် တဲအိမ်ပေါင်း ၄သိန်း၃သောင်း ကျော် ဆောက်လုပ်ထားပြီး ယာယီ ရွေ့လျားအိမ်သာ ၁၃၈၀၀ ခန့် ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ သဘာဝဘေးသင့်ဒေသတွင် ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေး ကွန်တိန်နာ ၁သိန်း၁၅၆၀၀ ခန့်ကိုလည်း တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။