ပီရူးနိုင်ငံ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ကာ အိမ်ခြေအများအပြားတွင် ရေလွှမ်းမိုး

(GMT+08:00)2023-03-16 13:59:16  

ပီရူးနိုင်ငံ (La voz de la colonia china) သတင်းစာမှ မတ် ၁၄ ရက်နေ့ ထုတ်ပြန်သည့် သတင်းအရ ပြီးခဲ့တဲ့အပတ်ကစပြီး ပီရူးနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် အပူပိုင်းလေပွေ ယာကူ (Yaku) မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းသောကြောင့် ရေကြီးရေလျှံဖြစ်ပြီး အိမ်ခန်းအမြောက်အမြား ရေနစ်မြုပ်ကာ ကုန်တင်ယာဉ်များလည်း လမ်းပေါ်တွင် သောင်တင်နေကြောင်း သိရပါသည်။