ရောမခေတ် sphinx ကို အီဂျစ်တွင် ရှာဖွေတွေ့ရှိ

(GMT+08:00)2023-03-16 14:00:00  

ရှေးဟောင်းသုတေသနပညာရှင်များသည် အီဂျစ်နိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်း ဘုရားကျောင်းတစ်ခု၌ sphinx တစ်ခုနှင့် ဘုရားကျောင်းတစ်ကျောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ်ရှေးဟောင်းသုတေသန ဌာနက လွန်ခဲ့သည့်ရက်အနည်းငယ်က ပြောကြားခဲ့ပါသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် တောင်ဘက် ကီလိုမီတာ ၄၅၀ အကွာ ဒန်ဒယ်ရာ ဘုရားကျောင်းတွင် အဆိုပါ ရှေးဟောင်းပစ္စည်းများကို တွေ့ရှိခဲ့ပြီး ရှေးဟောင်း သုတေသန ပညာရှင်များက ယင်းရုပ်တု ပြုံးနေသည့် အသွင်အပြင်အရ ရောမဘုရင် ကလောဒီယပ်စ် ဖြစ်နိုင်သည်ဟု ယူဆကြောင်း သိရပါသည်။