လူသားအားလုံးအား နျူကလီးယားညစ်ညမ်းမှုအန္တရာယ်ကို ရှောင်လွှဲချရန် ဂျပန်၏ ကြံစည်ချက်မှာ တာဝန်ယူတတ်သော နိုင်ငံ၏လုပ်ရပ် မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-03-16 14:01:07  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဂျပန် အစိုးရမှ လူသားအားလုံးအား နျူကလီးယားညစ်ညမ်းမှုအန္တရာယ်ကို ရှောင်လွှဲချရန် နျူကလီးယားညစ်ညမ်းရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်ရန် အတင်းအဓ္ဓမ တွန်းအားပေးခြင်းမှာ တာဝန်ယူတတ်သော နိုင်ငံ၏လုပ်ရပ် မဟုတ်ဘဲ ဂျပန်နိုင်ငံမှ ထမ်းဆောင်သင့်သည့်နိုင်ငံတကာတာဝန်ဝတ္တရားများကို တန်ပြန်လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း မတ်လ ၁၄ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းမှာ ဂျပန်နိုင်ငံတစ်နိုင်ငံတည်းကိစ္စ မဟုတ်ဘဲ ပင်လယ် အဏ္ဏဝါပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးနှင့် သက်ဆိုင်သော ကိစ္စရပ်ကြီး ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအား ဘက်အသီးသီးတို့၏ တရားနည်းလမ်းကျသော ဂရုစိုက်မှုကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး နိုင်ငံတကာတာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကာ တင်းကျပ်သော နိုင်ငံတကာကြီးကြပ်မှုကို ခံယူ၍ အခြားကိုင်တွယ် ဖြေရှင်းရေးနည်းလမ်းများအပါအဝင် သိပ္ပံနည်းကျ၍၊ ပွင့်လင်းမြင်သာသည့်၊ လုံခြုံသော နည်းလမ်းဖြင့် နျူကလီးယားညစ်ညမ်းရေဆိုးကို ကိုင်တွယ်ဖြေးရှင်းရန် မိမိတို့ ထပ်လောင်းတိုက်တွန်းလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အခြားသက်ဆိုင်သောနိုင်ငံများ၊သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်အပြည့်အဝ မဆွေးနွေး မတိုင်ပင်ဘဲ ဂျပန်နိုင်ငံသည် နျူကလီးယားညစ်ညမ်းရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်လို့ မရကြောင်း ပြောကြားခဲ့ပါသည်။