မတ်လ ၁၅ ရက်နေ့မှစ၍ တရုတ်နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပခရီးသွားနိုင်သည့် နိုင်ငံ အရေအတွက် တိုးလာ

(GMT+08:00)2023-03-15 15:23:30  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မတ်လ ၁၅ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပခရီးသွားနိုင်သည့် နိုင်ငံ အရေအတွက် တိုးလာပြီး၊ ပြည်ပသို့ ခရီးလှည့်လည်ရန် ကောင်းမွန်သော အခြေအနေ တစ်ဆင့်တက်ဖန်တီးပေးထားကြောင်း ယခုလ ၁၄ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှာ ကပ်ရောဂါအခြေအနေ တည်ငြိမ်နေခဲ့ပြီး ပြည်ပသို့ ခရီးသွားရန် ပြည်သူများ၏လိုအပ်ချက်များလာနေကြောင်း ပြောကြားခဲ့ပါသည်။