Chizhou မှ Huangshan သို့ မီးရထားလမ်း ဖောက်လုပ်

(GMT+08:00)2023-03-15 13:11:06  

ယခုရက်များတွင် Chizhou မှ Huangshan သို့ မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများသည် မီးရထားသံလမ်းခင်းဖို့ ပြင်ဆင်ရန် ကျောက်စရစ်မပါသည့် ကွန်ကရစ်နှင့် ကတ္တရာဖြင့် ပြုလုပ်သော ဇလီဗာတုံး ခင်းခြင်းလုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်နေကြပါသည်။ ယင်းမီးရထားလမ်းသည် စုစုပေါင်းအရှည် ၁၂၅ ကီလိုမီတာခန့်ရှိပြီး အမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာရှိပါသည်။ ၎င်းသည် Wuhan မှ Hangzhou သို့ အမြန်ရထားလမ်းကြောင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။