ဆော်ဒီအာရေဗျနှင့် အီရန်တို့၏ ဘေကျင်း ဆွေးနွေးပွဲသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အောင်မြင်သည့် လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-03-15 13:15:41  

   မကြာမီက ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် ဘေကျင်းမြို့၌ ဆွေးနွေးပွဲပြုလုပ်ပြီး သံတမန် ဆက်ဆံမှု ပြန်လည် ထားရှိရန် သဘော တူခဲ့ကြပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဆော်ဒီအာရေဗျနှင့် အီရန်တို့၏ ဘေကျင်း ဆွေးနွေးပွဲသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အောင်မြင်သည့် လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီ ဗဟိုကော်မတီနိုင်ငံခြားရေးရာရုံးဥက္ကဋ္ဌ ဝမ်ယိ ပြောသလို ယင်းသည် ဆွေးနွေးမှု၏ အောင်မြင်ခြင်း၊ ငြိမ်းချမ်းရေး၏ အောင်မြင်ခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။