ဂျပန် “လေထဲတွင် ပျံသန်းနိုင်သောမော်တော်ယာဉ်” စမ်းသပ်ပျံသန်းမှုပြုလုပ်

(GMT+08:00)2023-03-15 15:32:08  

    မတ်လ ၁၄ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေယာဉ်မှူးတစ်ဦး မောင်းနှင်ထိန်းချုပ်သည့် “လေထဲတွင် ပျံသန်းနိုင်သော မော်တော်ယာဉ်”၏ စမ်းသပ်ပျံသန်းမှုကို ပထမဆုံး အကြိမ် ကျင်းပခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၂၅ခုနှစ် အိုဆာကာ၌ ကျင်းပမည့် Kansai ကမ္ဘာ့ကုန်စည်ပြပွဲမှာ “လေထဲတွင် ပျံသန်းနိုင်သော မော်တော်ယာဉ်”၏ စီးပွားဖြစ်လည်ပတ်မှုကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။