အန္တရာယ်ရှိသည့် ပစ္စည်းများ တင်ဆောင်ထားသော ရထား လမ်းချော်မှု ဖြစ်ပွားခြင်းအား အမေရိကန် အိုဟိုင်းယိုးပြည်နယ်သည် Norfolk တောင်ပိုင်း ကုမ္ပဏီအား တရားစွဲ

(GMT+08:00)2023-03-15 15:24:00  

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်သည် Norfolk တောင်ပိုင်းကုမ္ပဏီအား တရားစွဲ ပြီး၊ ၄င်းကုမ္ပဏီအနေနှင့် အရှေ့ပါလက်စတိုင်းမြို့၌ ဖြစ်ပွားသည့် အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်ထားသော ရထား လမ်းချော်မှုအား တရားမပြစ်ဒဏ် လက်ခံရန် နှင့် သက်ဆိုင်ရာ လျော်ကြေးပေးဆောင်ရန် ပန်ကြားသည့်အပြင်၊ Norfolk တောင်ပိုင်း ကုမ္ပဏီသည် အိုဟိုင်းယိုးပြည်နယ် ဥပဒေများစွာကို ချိုးဖောက်ခဲ့ပြီဟု ပြစ်တင်ရှုတ်ချ ခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က Reuters သတင်းမှ ဖော်ပြခဲ့ပါသည်။