၂၀၂၆ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပြိုင်ဆိုင်မှုစနစ်သစ် ရှိလာပါပြီ၊ ချန်ပီယံဆုရအသင်း သည် ပြိုင်ပွဲ (၈)ပွဲကို ပါဝင်ယှဉ်ပြိုင်ရ

(GMT+08:00)2023-03-15 15:30:48  

ယနေ့တွင် FIFAသည် ၂၀၂၆ကမ္ဘာ့ဖလား ပြိုင်ဆိုင်မှုစနစ်သစ်ကို ထုတ်ပြန်ပါသည်။ ဘောလုံးအသင်း(၄၈)သင်းကို အဖွဲ့(၁၂)ဖွဲ့အလိုက် ခွဲပြီး၊ အဖွဲ့စီထဲတွင် ပထမနေရာ၊ ဒုတိယနေရာ ၂၄သင်းနှင့် ရလဒ်အကောင်းဆုံးသော တတိယနေရာ(၈)သင်းတို့သည် အကောင်းဆုံး(၃၂)သင်းအဆင့်သို့ ဝင်ရောက်ကာ ရှုံးထွက်ပြိုင်ပွဲများတွင် 1/16ဗိုလ်လုပွဲ တစ်လှည့် အသစ်များတိုးလာပါသည်။ ကမ္ဘာ့ဖလားပွဲတစ်ခုလုံးတွင် ပြိုင်ပွဲ (၁၀၄)ပွဲကို ရက်ပေါင်း (၄၀)အတွင်း ကျင်းပမည်ဖြစ်ပါသည်။ ချန်ပီယံဆုရအသင်းသည် အရင်က လို ပြိုင်ပွဲ(၇)ပွဲ မဟုတ်ဘဲ ပြိုင်ပွဲ (၈)ပွဲ  ပါဝင်ယှဉ်ပြိုင်ရပါမည်။ ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါ နှင့် မက္ကဆီကို (၃)နိုင်ငံတို့ ပူးတွဲဦးစီးကျင်းပမည်ဖြစ်ပါသည်။