အမေရိကန်မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်နက်တွင် ပျက်ကျ

(GMT+08:00)2023-03-15 15:27:25  

အမေရိကန်နိုင်ငံရှိ MQ-9 မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် ပြင်းထန်သော လေကြောင်း လေ့ကျင့်မှုများကြောင့် ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပြီး ၁၄ ရက်နေ့ညတွင် ပင်လယ်နက်ထဲသို့ ပျက်ကျခဲ့ကြောင်း ရုရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။ ထိုအချိန်တွင် ယင်းလေယာဉ်သည် ရုရှားနယ်စပ်သို့ ဦးတည်ပျံသန်းနေပြီး လေယာဉ်ပေါ်ရှိ transponder ကို ပိတ်ထားခဲ့ပါသည်။ ရုရှားလေကြောင်းအာကာသတပ်ဖွဲ့၏ တိုက်လေယာဉ်များသည် သိရှိနိုင်ရန် ထွက်ခွာသွားခဲ့ပေမယ့် ဝေဟင်မှလက်နက်များအသုံးမပြုသလို အမေရိကန်မောင်းသူမဲ့လေယာဉ်များနှင့်လည်း ထိတွေ့မှုမရှိကြောင်း ပြောပါသည်။

ထိုနေ့တွင် ပင်လယ်နက်ပေါ်တွင် ရုရှား Su-27 တိုက်လေယာဉ်နှစ်စင်းက ယင်းမောင်းသူမဲ့ လေယာဉ်ကို ကြားဖြတ်ဟန့်တားခဲ့ပြီး တိုက်လေယာဉ် တစ်စင်းသည်  ယင်းမောင်းသူမဲ့ လေယာဉ်၏ ပန်ကာကို ထိမှန်ခဲ့ပြီး မောင်းသူမဲ့ လေယာဉ်ကို ပင်လယ်ထဲသို့ ပျက်ကျစေခဲ့သည်ဟု ဥရောပတွင်တပ်စွဲထားသည့် အမေရိကန်စစ်ဌာနချုပ်က ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါသည်။