တရုတ်ကျန်းစူးပြည်နယ်ရှင်းဟွာ့မြို့တွင် မုန်ညှင်းပန်းများ မျက်စိတစ်ဆုံးပွင့်

(GMT+08:00)2023-03-15 13:13:20  

ရာသီဥတုပူနွေးလာသည်နှင့်အမျှ တရုတ်ကျန်းစူးပြည်နယ်ရှင်းဟွာ့မြို့ချန်းတောပန်းရှုခင်းသာ နေရာတွင် မုန်ညှင်းပန်းပွင့်များ တဖြည်းဖြည်းနှင့်ပွင့်နေပါသည်။ ချောင်းများနှင့်မြစ်များ ဝန်းရံထားသည့် လယ်ကွင်းတွင် အစိမ်းရောင်နှင့် အဝါရောင်မုန်ညှင်းပန်းပွင့်များ  မျက်စိတစ်ဆုံးအထိ ရှည်လျားစွာပွင့်နေကြသည့် နွေဦးရှုခင်းက ပန်းချီကားကဲ့သို့လှပနေပါသည်။ လူများသည် လယ်ကွင်းများတွင် ကျေးလက်သဘာဝရှုခင်းများကို ခံစားကာ လည်ပတ်ကြပြီး နွေဦးရသကို ခံစားနေကြပါသည်။