ဟိုင်နန်ပြည်နယ် ဝူဇီစန်မြို့ "ရေထဲ ပန်ဒါကြီး"ဖြစ်သော Craspedacusta ပင်လယ်ရေခူ တွေ့ရှိ

(GMT+08:00)2023-03-14 13:07:51  

ယခုရက်များတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝူဇီစန်မြို့ ဖှန်ယန်ခရိုင်မှ ရွာသားများက တောင်ပေါ်ရှိ ရေကန်တစ်ခုတွင် Craspedacusta ပင်လယ်ရေခူလို့ ယူဆရသော ရေနေသတ္တဝါကို တွေ့ရှိခဲ့ပါသည်။ ၎င်းတို့သည် အကြွေစေ့အရွယ်ခန့်ရှိပြီး အာရုံခံနိုင်စွမ်းရှိသော အမွေးအမျှင်များလည်းရှိပါသည်။ အမွေးအမျှင်များ အပြည့်အဝ ဆန့်ထားလိုက်လျှင် ဖွင့်ထားသည့် ထီးတစ်လက်ကဲ့သို့ လှပပါသည်။  ၄င်းတို့အား "ရေထဲ ပန်ဒါကြီး"ဖြစ်သော Craspedacusta ပင်လယ်ရေခူဖြစ်သည်ဟု ဝန်ထမ်းများက အတည်ပြုခဲ့ပါသည်။