အိပ်မက်က ကြီးမားပေမယ့် အကောင်အထည်ဖော်နိုင်တဲ့နေ့တစ်နေ့ရှိတယ်လို့ Michelle Yeoh ဆို

(GMT+08:00)2023-03-14 13:19:15  

ဘေကျင်းစံတော်ချိန် မတ်လ ၁၃ရက်နေ့က ၉၅ ကြိမ်မြောက် Oscars ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Oscarsသမိုင်းမှာ ပထမဆုံး တရုတ်အနွယ်ဖွား “ရုပ်ရှင်မင်းသမီး”ဖြစ်သူ Michelle Yeoh ပေါ်လာပါတယ်။

အသက် ၆၀ အရွယ်ရှိတဲ့ Michelle Yeohက အခုနှစ်မှာပေးအပ်သည့် Oscars အကောင်းဆုံး မင်းသမီး(Best Actress in a Leading Role)ဆုရရှိခဲ့ပါတယ်။ သူမ ဒီဆုရရှိခြင်းဟာ အာရှအနွယ်ဖွား သရုပ်ဆောင်များအတွက် “မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်၊ အိပ်မက် က ကြီးမားပေမယ့် လည်း အကောင်အထည်ဖော်နိုင်တဲ့ နေ့ တစ်နေ့ ရှိတယ် ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ” လို့ ဆုချီးမြှင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။