ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ နိုင်ငံရေး ပါတီခေါင်းဆောင်များ ဆွေးနွေးဖလှယ်ပွဲသို့ ပါဝင်တက်ရောက်မည်

(GMT+08:00)2023-03-14 13:20:21  

မတ်လ ၁၃ရက်နေ့က  တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟူကျော့မင်က တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ နိုင်ငံရေး ပါတီခေါင်းဆောင်များ ဆွေးနွေးဖလှယ်ပွဲကို ဘေကျင်းဒေသစံတော်ချိန် မတ်လ ၁၅ရက်နေ့မှာ ဗွီဒီယိုအသွင်ပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတရှီကျင့်ဖိန်က အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်သည် “ခေတ်မီရေး လမ်းကြောင်း- နိုင်ငံရေး ပါတီများ၏ တာဝန်” ဖြစ်ကြောင်း၊ နိုင်ငံများမှ နိုင်ငံရေး ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်များသည် အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း ကြေညာသည်ဟု သတင်းအရ သိရပါသည်။