ပန်ဒါဝက်ဝံ ပန်းချီကား ၁၀၀၀ ရေးဆွဲရန် ရည်မှန်းထားပြီး သူမက ရောင်စုံပန်းချီများဖြင့် ဇာတိ မြို့လေး ကျော်ကြား လှပစေလို

(GMT+08:00)2023-03-14 13:10:30  

        စိချွမ်းပြည်နယ် ယာအန်းမြို့ လမ်းပေါ်တွင် တွေ့ရသော ပန်ဒါဝက်ဝံ ပန်းချီများသည် ဒေသခံ ပန်းချီဆရာ ကျန်းယာ၏ လက်ရာဖြစ်သည်။ သူမက လမ်းပေါ်တွင် ပန်းချီများကို အခမဲ့ ရေးဆွဲပြီး ဇာတိကို လူအများသိရှိကာကျော်ကြားစေဖို့အတွက် ပန်ဒါဝက်ဝံ ပန်းချီ ၁၀၀၀  ရေးဆွဲရန် ရည်မှန်းထားပါသည်။ ယခုအချိန်အထိ ကျန်းယာက ပန်ဒါဝက်ဝံ ပန်းချီကားချပ်ပေါင်း ၂၀၀ ရေးဆွဲနေပြီဖြစ်ပြီး တစ်နေ့ကို ပန်းချီကား ၂ ချပ် နှုန်းဖြင့် ပန်ဒါဝက်ဝံပန်းချီ ၁၀၀၀ ရည်မှန်းချက်အတွက် ကြိုးစားနေပါသည်။ ကျန်းယာက ချစ်ဖို့ကောင်းသော ပန်ဒါဝက်ဝံများအပြင် နှလုံးသားကို လှုပ်ရှားသွားစေမယ့် အခိုက်အတန့်များကိုလည်း   မှတ်တမ်းတင် ပန်းချီရေးဆွဲတတ်ပါသေးသည်။