မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ပြီး ပြည်သူများ၏ တာဝန်အပ်နှင်းမှုကို ကျေပွန်စွာ ထမ်းဆောင်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-03-13 16:20:28  

        မတ်လ ၁၃ ရက်နေ့တွင် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပပြီးစီးခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတနှင့် ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပိတ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ ပြည်သူများ၏ ယုံကြည်မှုသည် မိမိရှေ့သို့ချီတက်ရန် အကြီးမားဆုံး တွန်းအားဖြစ်ပြီး မိမိပခုံးပေါ်တွင် ကြီးလေးသော တာဝန်ဝတ္တရားလည်းဖြစ်ကြောင်း၊ မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံ့ လိုအပ်ချက်ကို တာဝန်ဝတ္တရားအဖြစ် ထားကာ ပြည်သူများ၏ အကျိုးစီးပွားကို စံနှုန်းအဖြစ် ခံယူ၍ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ကိုယ်စားလှယ်များနှင့် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများ၏ တာဝန်အပ်နှင်းမှုကို ကျေပွန်စွာ ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။