အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်တွန်းအားပေးပြီး ပြည်သူ များကို ထိပ်တန်းနေရာတွင် ထားရှိခြင်းကို အစဉ်တစိုက်ကိုင်စွဲထားရသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-03-13 16:22:47  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၁၃ရက်နေ့ ဘေကျင်းမြို့တွင် ကျင်းပပြီးစီးပါသည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က အင်အားတောင့်တင်းသော နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား ပြန်လည်ရှင်သန်နိုးထရေးခရီးစဉ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးလည်မသုန်တွန်းအားပေးရကြောင်း၊ ပြည်သူများကို ထိပ်တန်း နေရာတွင် ထားရှိခြင်းကို အစဉ်တစိုက်ကိုင်စွဲထားရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားရကြောင်း၊ “နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး” လက်တွေ့ ဖော်ဆောင်ခြင်းနှင့် အမိနိုင်ငံတစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးလုပ်ငန်းကြီးကို တွန်းအားပေးရကြောင်း၊ လူသားတို့ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန် တွန်းအားပေးရကြောင်း အစည်းအဝေးပိတ်ပွဲအခမ်းအနားတွင် အလေးထား ပြောကြားခဲ့ပါသည်။