နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်ဖွဲ့ခေတ်မီရေးတည်ဆောက်မှုကို ဘက်စုံတွန်းအား ပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-03-13 16:24:50  

    တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြီးစီးခဲ့ပါသည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်ဖွဲ့ခေတ်မီရေးတည်ဆောက်မှုကို ဘက်စုံ တွန်းအားပေးရမည်ဖြစ်ပြီး၊ ပြည်သူ့တပ်ဖွဲ့ကို နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှုအကျိုးစီးပွားများကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်သော သံမဏိ မဟာတံတိုင်းရှည်ကြီးအဖြစ် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပိတ်ပွဲမိန့်ခွန်း ပြောကြား ချက်တွင် ဖော်ပြပါသည်။