တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ ယခုလ ၁၃ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ၍ လုပ်ကိုင်နိုင်ကြောင်း၊ ထိန်းချုပ်ဟန့်တားမှုနှင့် ဖိနှိပ်မှုတို့သည် မည်သူ့အပေါ် မဆို ကောင်းကျိုး မရှိကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
ထို့အပြင်၊ လီချန်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ၏ စီးပွားရေးသည် ခွဲခြား၍ မရကြောင်း၊ တစ်နိုင်ငံက တစ်နိုင်ငံ၏ ဖံွ့ဖြိုးတိုးတက်မှုမှ အကျိုးရရှိကြောင်း၊ လက်ရှိ အရေးတကြီး လုပ်ဆောင်ရသည်မှာ ယမန်နှစ် နိုဝင်ဘာလက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို မူဝါဒ အဖြစ် ရေးဆွဲချမှတ်ပြီး လက်တွေ့ဖော်ဆောင်ရန် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် လီချန်က ထိန်းချုပ်ဟန့်တားမှုနှင့် ဖိနှိပ်မှုတို့သည် မည်သူ့အပေါ် မဆို ကောင်းကျိုး မရှိဟု ပြောကြား
(GMT+08:00)2023-03-13 16:30:35