SVB ရုတ်တရက် ဒေ၀ါလီခံရခြင်းအား အစိုးရက ထောက်ပံ့ပေးမည်မဟုတ်ဟု ကန် ဘဏ္ဍာရေးဝန်ကြီးဆို

(GMT+08:00)2023-03-13 16:34:15  

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Yellen က ယခုလ ၁၂ ရက်နေ့တွင် အင်တာဗျူး လက်ခံခဲ့ရာ အမေရိကန်အစိုးရသည် Silicon Valley Bank (SVB) အား ထောက်ပံ့ပေးနိုင်ဖွယ်ရာ မရှိကြောင်း ပြောကြားခဲ့သည်ဟု AFP မှ သတင်းအရ သိရပါသည်။

Yellen သည် CBS မှ မေးခွန်းများကို ဖြေဆိုခဲ့ရာ ထိုသို့ ပြောကြားသွားခြင်း ဖြစ်ပါသည်။ ဘဏ်တစ်ခု ပြဿနာဖြစ်ပွားမှုသည် အခြားဘဏ်များဆီသို့ မပျံ့နှံ့ စေ ရန် မိမိတို့က အာမခံပေးချင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။