ပြည်ပရောက်တရုတ်နွယ်ဖွားများက တရုတ်အမျိုးသားမွန်မြတ်စွာ ပြန်လည်ရှင်သန်နိုးထရေး ဘက်စုံတွန်းအားပေးရန် အကျိုးပြုလိုသည်ဟု ဆို

(GMT+08:00)2023-03-13 16:33:37  

   ဇမ်ဘီယာနိုင်ငံရှိ တရုတ်နွယ်ဖွားများအသင်းချုပ်ဥက္ကဋ္ဌကျန်ကျန့်၊ လာအို ဗီယင်ကျန်း တရုတ်အမျိုးသားကောင်စီ ဒုတိယဥက္ကဋ္ဌလင်ကျွင်ရွှင် နှင့် ထိုင်းတရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ လင်ချွင်ချင်တို့က ရှီကျင့်ဖိန်သည် နိုင်ငံသမ္မတနှင့်ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်းသည် ခေတ်ကာလနှင့် ပြည်သူများ၏ဆန္ဒနှင့် လူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်ဟု ဖေါ်ပြခဲ့ကြပါသည်။ ယင်းတို့အနက် ကျန်ကျန့်က ဇမ်ဘီယာနိုင်ငံရှိ တရုတ်နွယ်ဖွားများက သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်မှုကို ထောက်ခံအားပေးပြီး တရုတ်အမျိုးသားမွန်မြတ်စွာ ပြန်လည်ရှင်သန်နိုးထရေး ဘက်စုံတွန်းအားပေးရန် အကျိုးပြုလိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။