NPC နှင့် CPPCC ကို ကမ္ဘာက စိတ်၀င်တစားအာရုံစိုက်- တရုတ်နိုင်ငံသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ဉာဏ်ပညာနှင့် ခွန်အားများကို ပံ့ပိုးပေးသည်ဟု နိုင်ငံတကာပုဂ္ဂိုလ်များဆို

(GMT+08:00)2023-03-13 16:31:32  

ယခုနှစ် တရုတ်နိုင်ငံ၏ NPC နှင့် CPPCC အစည်းအဝေးများသည် ကမ္ဘာသို့ ရှင်းလင်းပြီး အရေးကြီးသော အချက်ပြလိုက်ကြောင်း၊ တရုတ်နိုင်ငံသည်ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းမည်ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို ရှာကြံကာ နိုင်ငံတကာ စီမံခန့်ခွဲရေးကို ပိုမိုတရားမျှတစွာ တိုးတက်စေရန် တွန်းအားပေးမည် ဖြစ်ကြောင်း နိုင်ငံတကာပုဂ္ဂိုလ်များဆိုကြသည်။

အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ Mohammad Jasir က ကမ္ဘာတဝှမ်းရှိ နိုင်ငံများ စည်းလုံးညီညွတ်မှု အားဖြည့်ရန် အရေးတကြီး လိုအပ်နေပြီးအထူးသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဤနယ်ပယ်တွင် ကြီးမားသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဂျာမနီစီးပွားရေးပုဂ္ဂိုလ် Felix Somerville-Scharfက တရုတ်နိုင်ငံ၏ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကို အကျိုးခံစားစေမည်ဖြစ်ကြောင်း၊ ဂျာမနီ၊ ဥရောပနှင့် ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အားကိုးနေကြောင်း ပြောကြားခဲ့ပါသည်။

ပီရူးနိုင်ငံရေးပညာရှင် Jorge Perazo က တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပေါ် ရှုထောင့်ထားပြီး သက်ညှာထောက်ထားပြီး လေးစားသော သဘောထားဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံပါကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာစီးပွားရေးသုတေသနစင်တာ ဒါရိုက်တာ Bidi က တရုတ်နိုင်ငံ၏ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် စဉ်ဆက်မပြတ်တံခါးဖွင့်ရေးသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို တွန်းအားဖြစ်စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။